သဟဇာတမရှိလှတဲ့လောကကြီးရေ...
ငါအမေ့ဆီကိုလဲ ဖုန်းမဆက်ချင်ဘူး
အိမ်ကိုလွမ်းမိမှာစိုးလို့ 
မကြီးဆီကိုလဲအရင်လို စာမရေးချင်တော့ဘူး
ငါအပူတွေသူ့ ရင်ဘတ်နဲ့  မဆံ့မှာစိုးလို့ 
အရင်လိုဂစ်တာတီးပြီး သီချင်းတွေလဲ မဆိုချင်တော့ဘူး
အရာရာကို စကားစုတွေအဖြစ် ပုံစံပြောင်းပြီး မညည်းတွားချင်တော့လို့ 
ဘော်ဒါတွေနဲ့ လဲစကားအများကြီးမပြောချင်တော့ဘူး
မလှခဲ့တဲ့အတိတ်တွေအကြောင်းကို မတော်တဆအန်ချမိမှာစိုးလို့ 
ငါအကြောင်းလဲငါ ပြန်မတွေးချင်ဘူး
ထပ်ကြီးတလဲလဲဖြစ်နေတဲ့ ဒဏ်ရာတခုရဲ့ အတိတ်ကို
နောက်တခါပြန်လှန်ဖို့ အားအင်အလုံအလောက်မရှိတော့လို့ 
ကောင်မလေးရေ...
မင်းအကြောင်းလဲနောက်ထပ် မသိချင်တော့ဘူး
ပြည့်နေတဲ့ရင်ထဲမှာ နောက်ထပ်
မင်းနဲ့ ပတ်သက်တဲ့အတိတ်တွေအတွက် နေရာမရှိတော့လို့ ပါ
ကောင်းကင်ကြီးရေ...
ကြယ်တွေကြွေရင် ဆုတခုတောင်းချင်တယ်နော်..
....အတိတ်မေ့ပါရစေလို့ ....
အိမ်မက်ဦး (TTG)
No comments:
Post a Comment