Blogroll

Saturday, 17 December 2011

ဒဏ်ရာ

ဒဏ်ရာတွေဗလပွနဲ့ မချိမဆန့်
နာကျင်ညည်းတွားနေရပေမယ့်
အားရှိသလောက်ငါ မင်းအတွက်ပြုံးကြည့်ချင်သေးတယ်
ချစ်တယ်ဆိုတာ တကယ်တော့ အပြောလွယ်သလောက်
ခံစားရတာ မချိမဆန့်ရယ်ပါ
သောကတွေပေါ်မှာ အပြုံးတုတွေနဲ့ပဲ
ထပ်ခါတလဲလဲမလုံတလုံ ဖုံးဖိနေရတာ
ကြာလာတော့လဲ အချစ်ဆိုတာကိုစိတ်ကုန်လာတယ်
ဗလောင်ဆူနေတဲ့ ရင်တခုလုံးကို
သွန်လိုသွန်မှောက်လိုမှောက်လို့
မင်းလက်ထဲ အပြီးအပ်လိုက်ချင်ခါမှ
မင်းကလူသတ်သမား အပြုံးမျိုးနဲ့
ခပ်ယဲ့ယဲ့ပြန်ပြုံးပြ လိုက်တာကို
မြင်လိုက်ရတဲ့တခဏလေးမှာ
ငါမှင်သက်မိသွားတဲ့ ယုန်တကောင်လို
ယောင်လည်လည်နဲ့ အတိတ်မေ့ချင်သွားတယ်
နာကြင်နေပေမယ့် ငါမညည်းတွားချင်ဘူး
လူကြားကောင်းအောင် အော်ဟစ် ညည်းတွားနေမယ့်အစား
ငြိမ်ငြိမ်လေး ကြိတ်မှိတ်နာကြင်နေရတာကို ငါပိုခုန်မင်တယ်
ငါမင်းအတွက် အဖိုးမဖြတ်နိုင်တဲ့
အချစ်တွေနဲ့ပြည်နေတဲ့ ငါဘ၀တခုလုံးကို
ပေးလိုက်ရပေမယ့်
ရလိုက်တာက ယိုင်နဲ့နေတဲ့ အပြုံးတခုလေ
ဒါပေမယ့် ငါကျေနပ်ပါတယ်
ဒီလိုဒသနဆန်တဲ့ ဒဏ်ရာတချို့ 
မင်းဆီကရလိုက်မိလိုပေါ့
ယောင်တောင်ပေါင်တောင်နဲ့
အချစ်နယ်ပယ် တစွန်းတစကို
စပြီးခြေလှမ်းလိုက်တာနဲ့တောင်
ဒီလောက်ထိ မွန်းကြပ်မူတွေနဲ့
ပြွတ်သိပ်နေရင်
ကြာလာရင်လမ်းပျောက်မူတွေနဲ့ လမ်မှောက်တော့မယ် ထင်တယ်......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

 စိတ်ကူးနဲ့လက်တွေ့ တထပ်ထဲကျနိုင် ကြပါစေ